/

TOP စင်တာက ဘာတွေ လုပ်ဆောင်ပါသလဲ

TOP ဆိုသည်မှာ မြန်မာနိုင်ငံရှိ INGOအဖွဲ့အစည်းဖြစ်သော PSI (အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့) ၏ အိပ်ချ်အိုင်ဗွီ(HIV)နှင့်ပတ်သက်သော ပြည်သူ့အကျိုးပြုကျန်းမာရေး အစီအစဉ်တစ်ခုဖြစ်သည်။ ယင်းအစီအစဉ်ကို ၂၀၀၄ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ပြီး အိပ်ချ်အိုင်ဗွီ(HIV)ပိုးကူးစက်ခံရမှုအများဆုံးဖြစ်သော အမျိုးသားချင်းလိင်တူဆက်ဆံသူများ၊ အမျိုးသမီးလိင်လုပ်သားများအတွက် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကို စစ်ဆေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးကာ ဆောင်ရွက်လျက်ရှိပါသည်။
 


 

မြန်မာနိုင်ငံရှိ အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုးဖြစ်ပွားမှု

မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုး ဖြစ်ပွားမှုနှုန်းမှာ မမြင့်မားသော်လည်း (၁ ရာခိုင်နှုန်းအောက်) အမျိုးသမီးလိင်လုပ်သားများနှင့် အမျိုးသားချင်းလိင်တူဆက်ဆံသူများတွင် ပျံံ့နှံ့မှုများပြားကြောင်းတွေ့ရသည်။
 

  • အမျိုးသမီး လိင်လုပ်သားများကြားတွင် အိပ်ချ်အိုင်ဗွီ (HIV)ပိုး ပြန့်ပွားမှုနှုန်း ၆.၃%
  • အမျိုးသားချင်း လိင်တူဆက်ဆံသူများကြားတွင် အိပ်ချ်အိုင်ဗွီ(HIV)ပိုး ပြန့်ပွားမှုနှုန်း ၆.၆%ရှိသည်။
     

ယင်းရောဂါဖြစ်ပွားသူတို့၏ အသိုင်းအဝိုင်းများသည် အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုးနှင့်ပတ်သက်သောကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်းလုပ်ငန်းများတွင် လူတန်းစားခွဲခြားခံရမှုများ အပါအဝင် ပိတ်ပင်တားဆီးမှုများနှင့်ရင်ဆိုင်ကြရသည်။

 

TOP မှဝန်ဆောင်မှုများ စတင်ပေးခြင်း

မြန်မာနိုင်ငံအစိုးရသည် ၂၀၀၄ ခုနှစ်တွင် ပြည်ပမှအိပ်ချ်အိုင်ဗွီ(HIV) ကာကွယ်ခြင်း နှင့် ပတ်သက်သော အကူအညီများရရှိရန်ကြိုးပမ်းခဲ့သည်။ PSI(အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့)အနေဖြင့်
အမျိုးသမီးလိင်လုပ်သားများနှင့်အမျိုးသားချင်းလိင်တူဆက်ဆံသူများ အား အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုး ကာကွယ်ရေးအတွက် ကျန်းမာရေးအသိရှိစေရန် အသိပညာများဖြန့်ဝေရန် လိုအပ်ကြောင်းနားလည်သဘောပေါက်ခဲ့သည်။
ထို့ကြောင့်လည်း PSI(အပြည်ပြည်ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့) အနေဖြင့် TOPစင်တာ၏ DIC(၁၈)ခုတွင် ကျန်းမာရေးဝန်ဆောင်မှုများ စတင်ပေးခဲ့သည်။

TOP ၏ရည်ရွယ်ချက်မှာအိပ်ချ်အိုင်ဗွီ(HIV)ပိုးကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် အမျိုးသမီးလိင်လုပ်သားများနှင့် အမျိုးသားချင်းလိင်တူဆက်ဆံသူများ၏ ကျန်းမာရေးလိုအပ်ချက်များကို  အားပေးကူညီထောက်ပံံံ့ပေးရန် ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်းရှိ အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုးရှိသူများအတွက် ကာကွယ်စောင့်ရှောက်မှုများကို TOPနှင့်ချိတ်ဆက်ထားသော DIC (၁၈)ခုမှတဆင့် ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှုများမှာ-
 

  • အဆင်ဆင့်ချိတ်ဆက်ထားသောပုံစံဖြစ်သည့် ရောဂါရှိ၊မရှိ စတင်စစ်ဆေးခြင်းမှ ဆက်လက်မပွားစေရန် ဆေးဖြင့်ထိန်းခြင်း
  • အမျိုးသမီးလိင်လုပ်သားများနှင့် အမျိုးသားချင်းလိင်တူဆက်ဆံသူများ အသိုင်းအဝိုင်းတွင် သက်ရွယ်ဆင့်တူပညာပေးသူများအချင်းချင်းTOP စင်တာ၏ DICစင်တာ(၁၈)ခုမှတဆင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကို လက်လှမ်းမီစေရန်ဆောင်ရွက်ခြင်း
  • လျာထားချက်၉၀%ပြည့်မီစေရန်ပုံစံ(၃)ခုဖြင့် ဆောင်ရွက်ခြင်း စစ်ဆေးခြင်း၊ ကုသခြင်း၊ ဗိုင်းရပ်စ်ပိုးများကို ဆက်လက်မပွားစေရန်ဆေးဖြင့်ထိန်းခြင်းတို့ဖြစ်သည်။
    • ရည်ရွယ်ထားသော ပြည်သူများ၏၉၀%ကို အိပ်ချ်အိုင်ဗွီ(HIV)ပိုးစစ်ဆေးမှုခံယူနိုင်ရန် လုပ်ဆောင်ပေးခြင်း
    • အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုးစစ်ဆေးမှုတွင်positiveတွေ့ရှိသူ လူဦးရေ၏၉၀%ကို အေအာတီ(ART)ဆေးဖြင့် ကုသမှုပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း
    • ဗိုင်းရပ်စ်ပိုးဆက်လက်မပွားစေရန် အေအာတီ(ART)ဆေးဖြင့် ကုသမှုခံယူနေသူလူဦးရေ၏ ၉၀%သည် ကုသမှုကို စဉ်ဆက်မပြတ်ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းတို့ပါဝင်သည်။
       

TOPသည် အမျိုးသမီးလိင်လုပ်သားများ၊ အမျိုးသားချင်းလိင်တူဆက်ဆံသူများနှင့်အတူ လက်တွဲပူးပေါင်းပြီး လုပ်ငန်းစဉ်များကိုဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းတို့ ပူးပေါင်းပါဝင်ခြင်းသည် TOP အစီအစဉ်အောင်မြင်ရေးအတွက် အဓိကအရေးပါပါသည်။

၂၀၀၄ခုနှစ်တွင် စတင်ခဲ့သော TOPသည်မြန်မာနိုင်ငံရှိ အမျိုးသမီး လိင်လုပ်သားများနှင့်အမျိုးသားချင်း လိင်တူဆက်ဆံသူများအတွက် ပထမဆုံးနှင့်အကျိုးသက်ရောက်မှုအရှိဆုံး စီမံချက်များအနက်မှ တစ်ခုဖြစ်ပါသည်။

TOP၏အစီအစဉ်ဖြစ်မြောက်စေရန် USAID၊ The Global Fund၊ UNFPAနှင့် SoaAids တို့မှရန်ပုံငွေ ထောက်ပံံံ့ပေးသည်။