/

ရောဂါရှိမရှိ စစ်ဆေးခြင်း

ဒေသဆိုင်ရာTOPစင်တာတစ်ခုကို ရှာဖွေပါ။ မြန်မာနိုင်ငံရှိ TOPစင်တာ၏ DIC(၁၈)ခုမှ အိပ်ချ်အိုင်ဗွီ(HIV)နှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ အခမဲ့စစ်ဆေးခြင်းကို လွယ်ကူလုံခြုံစိတ်ချရအောင် ဆောင်ရွက်ပေးထားပါသည်။  ဒေသဆိုင်ရာ TOP စင်တာ သို့ လာရောက်လေ့လာနိုင်သည်။

 

ရန်ကုန် လားရှိုး မော်လမြိုင် မြိတ် ပုသိမ်
ပဲခူး  မကွေး မိတ္တီလာ မြစ်ကြီးနား ပြည်
ဟင်္သာတ တောင်ငူ      

 

ဘာကြောင့် အိပ်ချ်အိုင်ဗွီ(HIV)ပိုးကို စစ်ဆေးသင့်တာလဲ?

လူတိုင်းသည် မိမိတို့၏မျိုးဆက်ပွားကျန်းမာရေးနှင့် အခြား ကျန်းမာရေးဗဟုသုတများကိုသိရှိရန် လိုအပ်သည်။ ကွန်ဒုံးသုံးစွဲသည့်အပြင် အိပ်ချ်အိုင်ဗွီ(HIV)ပိုးစစ်ဆေးမှုကို ပုံမှန်ခံယူခြင်းသည် ဘဝတစ်သက်တာအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အိပ်ချ်အိုင်ဗွီ(HIV)ပိုး စစ်ဆေးမှုကို စောစီးစွာခံယူခြင်းသည် သက်ရှည်ကျန်းမာသော ဘဝနေထိုင်မှုကိုဖြစ်ပေါ်စေသည်။ TOP စင်တာများတွင် အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုးများ ဆက်လက်မပွားစေရန် ထိန်းပေးသည့်ဆေး အေအာတီ(ART)အပါအဝင် ခေတ်မီဆေးဝါးကုသမှုများကို ခံယူနိုင်သည်။

 

အိပ်ချ်အိုင်ဗွီ(HIV)ပိုးစစ်ဆေးလျှင် ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ?

  1. TOP၏ ဧည့်ကြိုကောင်တာတွင် စာရင်းဖြည့်သွင်းပေးပါ။ ဆေးစစ်ခံသူ၏ အမည်နှင့်မွေးနေ့ကိုသာ စုဆောင်းထားမည်ဖြစ်သည်။
  2. ဆွေးနွေးပေးသူနှင့်မတွေ့ဆုံမီ ဧည့်ကြိုမှ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များကို ပေးထားမည်ဖြစ်သည်။
  3. အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုးအကြောင်း (သို့) အိပ်ချ်အိုင်ဗွီ(HIV)ပိုး စစ်ဆေးမှုနှင့်ပတ်သက်သော မည်သည့်မေးခွန်းများကိုမဆို ဖြေကြားနိုင်သော နှစ်သိမ့်ဆွေးနွေးပညာပေးသူနှင့် တွေ့ဆုံဆွေးနွေးရမည် ဖြစ်သည်။
  4. ဆရာဝန်နှင့်တွေ့ဆုံပြီးနောက် စစ်ဆေးခံယူမည့်သူ၏သွေးကို အပ်ဖြင့် ထုတ်ယူမည်ဖြစ်သည်။
  5. သွေးစစ်ချက်အဖြေကိုသိရှိရန် စောင့်ဆိုင်းရမည့်အခန်းတွင် သွားရောက်စောင့်ဆိုင်းရမည်ဖြစ်သည်။
  6. သွေးစစ်ချက်အဖြေကို တိုင်ပင်ဆွေးနွေးရန် နှစ်သိမ့်ဆွေးနွေးပညာပေးသူနှင့် ထပ်မံတွေ့ဆုံရမည်ဖြစ်သည်။

 


 

HIV ပိုးရှိသည်ဟု အဖြေထွက်ပါက

အိပ်ချ်အိုင်ဗွီ(HIV)ဆေးစစ်ချက် အဖြေသည် Positiveဖြစ်လျှင်(HIVပိုးတွေ့လျှင်) အေအာတီ(ART)ဆေးဖြင့် ကုသမှုခံယူရန် နှစ်သိမ့်ဆွေးနွေးပညာပေးသူနှင့် တွေ့ဆုံရမြည်ဖစ်သည်။ အိပ်ချ်အိုင်ဗွီ(HIV)ပိုးရှိသူများသည် အေအာတီ(ART)ဆေးသောက်သုံးခြင်းဖြင့် ကျန်းမာစွာသက်တမ်းစေ့နေနိုင်မည်ဖြစ်ပြီး TOPစင်တာတွင် အေအာတီ(ART)ဆေးကို အခမဲ့ရယူကာ ကုသမှုခံယူနိုင်သည်။ လူနာများသည် အိပ်ချ်အိုင်ဗွီ(HIV)နှင့်ပတ်သက်သောမေးခွန်းများကို နှစ်သိမ့်ဆွေးနွေး ပညာပေးသူ (သို့မဟုတ်) ဆရာဝန်များထံ မေးမြန်းနိုင်သည်။
 


 

HIV ပိုးမရှိဟု အဖြေထွက်ပါက

အိပ်ချ်အိုင်ဗွီ(HIV)ဆေးစစ်ချက်အဖြေသည် Negativeဖြစ်လျှင် (HIVပိုးမတွေ့လျှင်)၊) အိပ်ချ်အိုင်ဗွီ(HIV)ပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် အိပ်ချ်အိုင်ဗွီ(HIV)ပိုးရှိမရှိကို မည်သည့်အချိန်တွင် နောက်ထပ်တစ်ကြိမ်စစ်ဆေးရမည် စသည်တို့ကို ဆွေးနွေးနိုင်ရန် နှစ်သိမ့်ဆွေးနွေးပညာပေးသူနှင့် ထပ်မံတွေ့ဆုံရမည်ဖြစ်သည်။

 

HIV ပိုးကူးစက်မခံရအောင် ဘယ်လိုနေထိုင်မလဲ

အိပ်ချ်အိုင်ဗွီ(HIV)ပိုးကူးစက်ခံရခြင်းမှ ရှောင်ကျဉ်နိုင်ရန် ဘယ်လိုပြုမူနေထိုင်ကြမလဲ?

ကွန်ဒုံး(အကာအကွယ်)အသုံးပြုခြင်းသည် အိပ်ချ်အိုင်ဗွီ(HIV)ရောဂါပိုး ကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်း လွတ်ကင်းအောင်ကာကွယ်ပေးသည့် အထိရောက်ဆုံးနည်းဖြစ်သည်။ TOP စင်တာ အားလုံးတွင်ကွန်ဒုံးများနှင့်ချောဆီများကို အခမဲ့ရယူလိုက်ပါ။

 

ကိုးကား- www.testbkk.org စာမျက်နှာမှ ဖော်ပြထားသည်။

 

 

Grindr မြန်မာ

HIV ပိုးရှိမရှိ အခမဲ့စစ်ဆေးရင်း ၃၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကတ်ကိုရယူပါ။

ရန်ကုန်နှင့် မန္တလေးမြို့တွင် အိပ်ချ်အိုင်ဗွီပိုးကို အခမဲ့စစ်ဆေးပြီး ဖုန်းငွေဖြည့်ကတ် ၃၀၀၀ကျပ် ကိုရယူလိုက်ပါ။ နီးစပ်ရာဆေးခန်းလိပ်စာများကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။ စစ်ဆေးမှုခံယူပြီးရင် ဖုန်းငွေဖြည့်ကတ်ကို တောင်းယူဖို့ မမေ့ပါနဲ့နော်။

 

သိရှိလိုသည်များကို Grindr ဖေ့စ်ဘွတ် စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်သကဲ့သို့၊ ဖုန်း ၀၁-၈၆၀၄၄၁၃ သို့ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။ Grindr Myanmar Facebook

 

**ရန်ကုန်ရှိဆေးခန်းများ**

၁) အောင်စေတနာ နေဆေးခန်း
ဒေါက်တာ အောင်ငွေ
အမှတ် ၈၂၉၊ အနော်မာလမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့
၉၅၁၂၇၀၉
နေ့စဉ် မနက် ၈:၃၀-၁၁ နာရီ နှင့် ညနေ ၅:၃၀-၉ နာရီ
ကားနံပါတ်- ၁၇၄၊ ၂၃၇၊ အဓိပတိ ကားမှတ်တိုင်-၃၁ ဂိတ်ဟောင်းမှတ်တိုင်
HIV ပိုးစစ်ခြင်းမှာ အခမဲ့ ဖြစ်ပါသည်။ ကာလသား ရောဂါစစ်ဆေးကုသမှုအတွက် ငွေကျပ် ၁၅၀၀ ခန့်ကျသင့်ပါမည်။

 

၂) နေဆေးခန်း
ဒေါက်တာ အေးအေးမူ
အမှတ် ၁၅၉၊ သုမိတာ ၅ လမ်း၊ ၁ ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်မြို့
၆၆၅၂၄၈
နေ့စဉ် နံနက် ၇ နာရီ-ည ၉ နာရီ
ကားနံပါတ်-၄၃၊ ၁၅၇၊ ၂၀၂ စသည့် မြောက်ဥက္ကလာပရောက်သည့် မည်သည့်ကားမဆို။ ကားမှတ်တိုင်-ဘုန်းကြီးလမ်းမှတ်တိုင်
HIV ပိုးစစ်ခြင်းမှာ အခမဲ့ ဖြစ်ပါသည်။ ကာလသား ရောဂါစစ်ဆေးကုသမှုအတွက် ငွေကျပ် ၁၅၀၀ ခန့်ကျသင့်ပါမည်။

 

၃) မင်္ဂလာနေ့ နေဆေးခန်း
ဒေါက်တာ စိုင်းဆင်ဟာနတ်
အမှတ် ၂၀ ဘီ၊ ရန်ကုန်-ပြည်လမ်း၊ မင်္ဂလာဒုံ၊ ရန်ကုန်မြို့
နေ့စဉ် မနက် ၈:၀၀-၁၁ နာရီ နှင့် ည ၇:၀၀-၉ နာရီ
ကားနံပါတ်-၅၁၊ ၁၂၄ စသည့် ထောက်ကြန့်ရောက်သော မည်သည့်ကားမဆို၊ ကားမှတ်တိုင်- ထောက်ကြန့်လမ်းဆုံ
HIV ပိုးစစ်ခြင်းမှာ အခမဲ့ ဖြစ်ပါသည်။ ကာလသား ရောဂါစစ်ဆေးကုသမှုအတွက် ငွေကျပ် ၁၅၀၀ ခန့်ကျသင့်ပါမည်။

 

၄) အောင်မိုး နေဆေးခန်း
ဒေါက်တာ စောအောင်မိုး
အမှတ် ၆၃၆၊ နိဗ္မာန်လမ်း၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်၊ ရန်ကုန်မြို့
၉၄၉၄၀၀၃၀၁
တနင်္လာနေ့မှ စနေနေ့ မနက် ၈နာရီ-၁၁ နာရီနှင့် ညနေ၅ နာရီ-၈ နာရီ
ကားအမှတ်-၄၅၊ ၅၁ ကားမှတ်တိုင်- စော်ဘွားကြီးကုန်းလမ်းဆုံ။ ရထား-အင်းစိန်ဘူတာ
HIV ပိုးစစ်ခြင်းမှာ အခမဲ့ ဖြစ်ပါသည်။ ကာလသား ရောဂါစစ်ဆေးကုသမှုအတွက် ငွေကျပ် ၁၅၀၀ ခန့်ကျသင့်ပါမည်။

 

၅) TOP ရန်ကုန်
အမှတ်(၂၁၅-အေ) စက်မှု ၃ လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
'၀၁-၈၆၀၄၄၁၃
'တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉ နာရီ-ညနေ ၅ နာရီ
ကားမှတ်တိုင်-တာမွေဈေးလေး၊ ရထား-မေတ္တာညွန့်
TOP စင်တာတွင် HIV နှင့် ကာလသားရောဂါရှိမရှိကို အခမဲ့စစ်ဆေးကုသမှုခံယူနိုင်ပါသည်။ TOP စင်တာသည် အမျိုးသားလိင်တူချစ်သူများကို အကူအညီပေးနေသော စင်တာ တစ်ခုဖြစ်ပါသည်။

 

**မန္တလေးရှိ ဆေးခန်း**

TOP မန္တလေး
အမှတ် ၃၊ မေတ္တာလမ်းသွယ်၊ ၃၀-၃၁လမ်း နှင့် ၆၂-၆၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့
၀၉၄၀၂၅၇၀၂၆၃၊ ၀၂-၆၅၃၀၂
'တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉ နာရီ-ညနေ ၅ နာရီ
TOP စင်တာတွင် HIV နှင့် ကာလသားရောဂါရှိမရှိကို အခမဲ့စစ်ဆေးကုသမှုခံယူနိုင်ပါသည်။ TOP စင်တာသည် အမျိုးသားလိင်တူချစ်သူများကို အကူအညီပေးနေသော စင်တာ တစ်ခုဖြစ်ပါသည်။

 

Grindr ၏ Facebook စာမျက်နှာတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Grindr Myanmar Facebook

Grindr အစီအစဉ်၏ စည်းကမ်းနှင့် သတ်မှတ်ချက်များ

  1.  ယခု အစီအစဉ်ကို ပြုလုပ်သူသည် အမှတ်၊ (၁၆) အနောက်ရွှေဂုံတိုင် (၄) လမ်း ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊      မြန်မာတွင် ရုံးစိုက်သော အပြည်ပြည်ဆိုင်ရာ လူထုရေး ဝန်ဆောင်မှု အဖွဲ့ (PSI/Myanmar) မှ ဖြစ်ပါသည်။
  2.  PSI မှ ဝန်ထမ်းများ သို့မဟုတ် ၎င်းတို့၏ မိသားစုဝင် များ သို့မဟုတ် ယခု ဖုန်းငွေဖြည့်ကတ် လက်ဆောင်     ပေးမည့် အစီအစဉ်တွင် တနည်းနည်းနှင့် ပါဝင်ပတ်သတ်သူများ သို့မဟုတ် ယခု အစီအစဉ် အောင်မြင်အောင် ကူညီပံ့ပိုးပေးကြသူများ အားလုံးကို ယခု အစီအစဉ်တွင် ပါဝင်ခွင့် မပြုပါ။
  3. ယခု အစီအစဉ်၏ အသေးစိတ်ကို အောက်ဖော်ပြပါ facebook address တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ Grindr Myanmar Facebook
  4. အစီအစဉ်ကို ဇွန်လ(၃၀) ရက်နေ့ ၊ ၂၀၁၆ ခုနှစ်တွင် ပိတ်မည် ဖြစ်ပါသည်။
  5. အစီအစဉ်ပြုလုပ်သူအနေနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်စေ၊ စစ်ပွဲများ ဖြစ်ပွဲမှုကြောင့် ဖြစ်စေ၊ ပြည်တွင်းရေးနှင့် စစ်ရေး မငြိမ်သက်မှုများကြောင့်ဖြစ်စေ၊ ရန်သူမျိုးငါးပါးကြောင့်ဖြစ်စေ မည်သည့် ကြိုတင်ခန့်မှန်းထားခြင်း မရှိသော ထိန်းချုပ်၍မရသော ပြင်ပ အဖြစ်အပျက်များပေါ်ပေါက်လာပါက အစီအစဉ်နှင့် အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများအား ကြိုတင် အသိပေးခြင်းမရှိဘဲ ရုပ်သိမ်းခွင့် သို့မဟုတ် ပြင်ဆင်ပိုင်ခွင့်ရှိပါသည်။ ပြောင်းလဲသွားသည့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား အစီအစဉ်တွင် ပါဝင်သူများကို ယခုအစီအစဉ်ပြုလုပ်သူမှ စောနိုင်သမျှ အစောဆုံးအသိပေးအကြောင်းကြားပေးပါမည်။
  6. Grindr အစီအစဉ်မှ တဆင့် လာရောက်စစ်ဆေးမှုခံယူသူများကို PSI မဟုတ်သောအခြား တဘက်မှ လက်ဆောင်များပေးခြင်းရှိလာခဲ့ပါက PSI အနေနှင့် တာဝန်ယူဖြေရှင်းမည် မဟုတ်ပါ။
  7. ဖုန်းငွေဖြည့်ကတ်အား ငွေသားနှင့် လဲလှယ်ပေးမည်မဟုတ်ပါ။ မိမိရရှိသော ဖုန်းငွေဖြည့်ကတ်ကို တခြားသူသို့ လွှဲပြောင်းပေးခြင်း မပြုရ။ ဖုန်းငွေဖြည့်ကတ် လက်ဝယ်ရှိသည့်အချိန်အထိသာ ဖုန်းငွေဖြည့်ကတ်များရရှိမည် ဖြစ်ပြီး၊ ဖုန်းငွေဖြည့်ကတ်များ ကုန်သွားပါက ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အခြားတန်ဖိုးတူ လက်ဆောင်ပစ္စည်းများကို အစားထိုးပေးပိုင်ခွင့်ရှိပါသည်။
  8. ယခု အစီအစဉ်တွင် ပါဝင်လိုသူများအနေနှင့် Grindr facebook စာမျက်နှာ Grindr Myanmar Facebook, asking for a top-up card,တွင် ဖုန်းငွေဖြည့်ကတ်များကို လက်ဆောင်ပေးနေသော ဆေးခန်းများနှင့် စင်တာများစာရင်း ကိုသိရှိနိုင်စေရန် ဝင်ရောက်ကြည့်ရှုပြီး HIV ပိုးရှိမရှိသွားရောက်စစ်ဆေးပြီး ဖုန်းငွေဖြည့်ကတ် ရယူနိုင်ပါသည်။
  9. ယခုအစီအစဉ်တွင် ပါဝင်လိုသူများအနေနှင့် HIV ပိုးတစ်ခါစစ်ဆေးလျှင် ဖုန်းငွေဖြည့်ကတ် တစ်ခါသာရရှိမည် ဖြစ်ပြီး၊ နောက်တစ်ကြိမ် လာရောက်စစ်ဆေးမှုခံယူပါက ဖုန်းငွေဖြည့်ကတ်ထပ်မံ ရရှိမည် မဟုတ်တော့ပါ။
  10. ယခုအစီအစဉ်တွင် ပါဝင်သူများအနေနှင့် ဖုန်းငွေဖြည့်ကတ်အား ဆေးခန်းသို့မဟုတ် စင်တာရှိ ဆရာဝန်သို့မဟုတ် နှစ်သိမ့်ဆွေးနွေး အကြံပေးသူထံတွင် တောင်းရန်လိုအပ်ပါသည်။
  11. ဖုန်းငွေဖြည့်ကဒ်မှာ Ooredoo သို့မဟုတ် Telonor ဖြစ်ပါသည်။ လာရောက်သွေးစစ်ဆေးခံယူသူများမှာ ဖုန်းငွေဖြည့်ကတ်ပေးသည့် နေရာတစ်ခုမှ ဖုန်းငွေဖြည့်ကတ် တစ်မျိုးကို တစ်ကတ်သာ ရရှိမည် ဖြစ်ပါသည်။
  12. ယခုအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် လာရောက်သွေးစစ်ဆေးမှုခံယူသူသည် ပြဌာန်းထားသော စည်းမျည်းစည်းကမ်းများကို လိုက်နာမည်ဟု သဘောတူပါသည်။
  13. ယခုအစီအစဉ်ကို Facebook ၊ Ooredoo နှင့် Telenor တို့မှ စပွန်ဆာပေးခြင်း၊ အထောက်အပံ့ပေးခြင်း၊ စီမံကွပ်ကဲခြင်းမရှိပါ။