/

ကျန်းမာရေး ဝန်ဆောင်မှုများ

အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူလိုက်ပါ။

TOP ကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုစီတွင် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ နှစ်သိမ့်ဆွေးနွေး ပညာပေးသူများကို ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တစ်ရပ်အနေဖြင့် ပံ့ပိုးပေးထားသည်။
TOP စင်တာ သို့ လာရောက်ကြသူတိုင်းအတွက် ဝန်ဆောင်မှု များအားလုံးကို အခမဲ့ရရှိနိုင်သည်။

ကျန်းမာရေးဝန်ဆောင်မှုများတွင်

  • အိပ်ချ်အိုင်ဗွီ (HIV)ပိုးကို လျင်မြန်စွာစစ်ဆေးပေးခြင်း
  • အိပ်ချ်အိုင်ဗွီ(HIV) ပိုးရှိသူများအတွက်အေအာတီ(ART) ဆေးကုထုံး
  • လိင်မှတဆင့်ကူးစက်တတ်သောရောဂါများစစ်ဆေးခြင်းနှင့်ကုသခြင်း
  • အိပ်ချ်အိုင်ဗွီ(HIV)ပိုးစစ်ဆေးခြင်း၊ အေအာတီ(ART) ဆေးဖြင့်ကုသပေးခြင်း၊ လိင်မှုဆိုင်ရာကူးစက်ရောဂါများစစ်ဆေးခြင်းနှင့်သားဆက်ခြားခြင်းတို့အတွက် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊
  • တီဘီ(TB)ရောဂါ စစ်ဆေးခြင်းနှင့်ကုသခြင်း
  • သားဆက်ခြားနည်းများဖြစ်သော OKအရည်အသွေးပြည့် သားဆက်ခြားသောက်ဆေး၊ ထိုးဆေး၊ အရေးပေါ်သားဆက်ခြားသောက်ဆေး၊ ကွန်ဒုံး
  • သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ခြင်းနှင့်စစ်ဆေးခြင်းတို့ ပါဝင်သည်။